ကံမ ၁၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ရှိ ဧရာဝတီမြစ်၊ မင်းတုန်းချောင်းနှင့် မဒေးချောင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ကူးတို့ရေယာဉ်များအား သတ်မှတ်ခွင့်ပြုချက်နှင့်အညီ မောင်းနှင်မှုရှိ/မရှိ၊ မြို့နယ်ရေယာဉ်ငယ်များအသင်း ကြီးကြပ်မှုကော်မတီက ယနေ့နံနက်တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ကူးတို့ရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စေရေး၊ သတ်မှတ်ခွင့်ပြုထားသည့် မြင်းကောင်ရေ (၂၀)အောက် စက်တပ်ရေယာဉ်ဖြင့် အသုံးပြုမောင်းနှင်စေရေး၊ ရေယာဉ်ကြံ့ခိုင်မှုရှိ/မရှိနှင့် အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘောနှင့် ဝါးများ သတ်မှတ်အရေအတွက် အတိုင်း တင်ဆောင်ထားခြင်းရှိ/မရှိတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်ကော်မတီနှင့် ရေယာဉ်ငယ်အသင်းဝင်များ ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


