ကံမ မေ ၂၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအောင်ကိုထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်တို့က မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်မှအခမဲ့ဖြန်ဝေပေးသော ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များနှင့် မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)