ကံမ    မေ     ၂၇

             

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊   ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့်    ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

             

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအောင်ကိုထွန်းက    အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်နှင့် ကျောင်းအုပ်ဆရာမကြီး  ဒေါ်မြင့်မြင့်နွယ်တို့က မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် နိုင်ငံတော်မှအခမဲ့ဖြန်ဝေပေးသော ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များနှင့် မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ကျော်ဇေယျဝင်း(ကံမ)