ကံမ၊ ၂၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ဆေးရုံတွင် ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကံမမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၁၃၄ ဦး နှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း ၄ ဦး စုစုပေါင်း ၁၃၈ ဦးတို့အား စတင်ထိုးနှံပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများသည် ရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်းထံမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


