ကံမ၊ ၂၇  ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ ကံမမြို့နယ် ပြည်သူ့ဆေးရုံတွင်  ဇန်နဝါရီ ၂၇ ရက်  နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းကို  စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ  ကံမမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၁၃၄ ဦး နှင့်    မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်း ၄ ဦး စုစုပေါင်း ၁၃၈ ဦးတို့အား စတင်ထိုးနှံပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများသည် ရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးလင်းထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)