ကံမ   ၉   အောက်တိုဘာ 

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက် ကုန်ထုတ်လမ်း သုံးလမ်းကို လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထပ်မံ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

 

ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ရာတွင်  အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီ ကျောက်စရစ်ခင်းခြင်းလုပ်ငန်းများကို ကံမမြို့နယ်ရှိ ပျဉ်ထောင်၊ နတ်မီးနှင့် ဓမ္မသော်ကျေးရွာတွင်   ဆောင်ရွက်သွား မည်ဖြစ်ပြီး ပျဉ်ထောင်ကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Box Culvert (၃)စင်း၊ နတ်မီးကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Box Culvert (၂)စင်း၊ ဓမ္မသော်ကျေးရွာ ကုန်ထုတ်လမ်းပေါ်တွင် Box Culvert (၁)စင်း တည်ဆောက် ခြင်းတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

 

အဆိုပါ ကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၃ ရွာရှိ စိုက်ပျိုးမြေ လယ်ယာဧကပေါင်း  (၈၃၀) အတွက် သွင်းအားစုများ၊ ထုတ်ကုန်များကို လွယ်ကူလျင်မြန်စွာ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြကျော်ဇင်သန်း(ကံမ)