ကံမ ၂၂ မေ 


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင်  မေ ၂၁ ရက် ညနေက  လေပြင်း တိုက်ခတ်မှုကြောင့် ကျေးရွာအချို့တွင် လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်း အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့သည်။ 

 

1


ထိုသို့ဖြစ်ပွားရာတွင် ထန်းကောက်ကျေးရွာအုပ်စု ထန်းကောက်ရွာကြီး၌ နေအိမ် (၅၃)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊ ထန်းကောက်ရွာလေး၌နေအိမ်(၁၅)လုံး၊  ဂုံမင်းမြောင်ကျေးရွာ၌  နေအိမ်(၂၂)လုံး၊ ငွေလေးကျေးရွာ၌နေအိမ်(၁)လုံး၊ ပွတ်စုကျေးရွာ၌ နေအိမ် (၁၀)လုံး၊ ငမဲကျေးရွာ၌နေအိမ် (၁)လုံး၊ စပယ်ခြုံကျေးရွာ၌နေအိမ်(၁)လုံး၊ ကဒူးပြင်ကျေးရွာ၌ နေအိမ်(၅)လုံး၊ အလယ်ကျေးရွာအုပ်စု၌နေအိမ်(၁၈)လုံး ဒါန်းကိုင်းကျေးရွာတွင် နေအိမ်(၁၄)လုံး၊ သစ်မယ်ဇီကျေးရွာ၌ နေအိမ်(၈)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁)ကျောင်း၊စုစုပေါင်းနေအိမ် (၁၄၈)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂)ကျောင်းတို့ အမိုးလန်ခြင်းများဖြစ်ပွားခဲ့ပြီး လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုတစ်စုံတရာမရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။


MDN

 

1