ကံမ   ၁၈   မေ 

 

မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ ကံမမြို့  မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်၌ မေ ၁၈ ရက်နေ့က သွားနှင့်ခံတွင်း ဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးပြီး သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

 

ထိုသို့ပြုလုပ်ရာတွင် ကံမမြို့နယ်အသင်း(ရန်ကုန်)နှင့်   မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း(ပခုက္ကူအသင်းခွဲ)မှ သွားနှင့်ခံတွင်း ဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

 

ကျော်ဇေယျဝင်း(ပြန်/ဆက်)