ထားဝယ် ၄ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ “ကဏ္ဍစုံပါဝင်သော ကမ်းရိုးတန်း စီမံအုပ်ချုပ်မှုအကြောင်း မိတ်ဆက်ခြင်း (Knowledge Sharing on Integrated Coastal Management – ICM)” အစီအစဉ် (မူကြမ်း) ဆွေးနွေးပွဲကို ဇွန်လ ၄ ရက်က ကျင်းပခဲ့သည်။
ဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တက္ကသိုလ်များမှ ဆရာကြီး/ဆရာမကြီးများ၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိ်ုင်ငံအစီအစဉ်) မှ တာဝန်ရှိသူများလည်း တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN


