ကန်ပက်လက် ၁၂ ဇွန်
အခြေခံပညာဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သင်ရိုးသစ်ရေးဆွဲရေးကော်မတီမှ ပညာရှင် များက ဆွေးနွေးပို့ချသည့် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ် Grade-4 (သင်ရိုးသစ်) အွန်လိုင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကန်ပက်လက်မြို့ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းသို့ ကန်ပက်လက်မြို့နယ်အတွင်းမှ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၄၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိဖြစ်ပြီး နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမောင် (ပြန် /ဆက်)


