ကန်ပက်လက်     ၁၂    ဇွန်         

 

အခြေခံပညာဦးစီးဌာန၏ စီ​စဉ်​​ဆောင်ရွက်မှုဖြင့် သင်ရိုးသစ်ရေးဆွဲရေးကော်မတီမှ ပညာရှင် များက ဆွေးနွေးပို့ချသည့် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်  Grade-4 (သင်ရိုးသစ်) အွန်လိုင်း သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကန်ပက်လက်မြို့ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည်။

 

အဆိုပါ သင်တန်းသို့ ကန်ပက်လက်မြို့နယ်အတွင်းမှ  သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၄၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ  ဇွန် ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိဖြစ်ပြီး နံနက်  ၉ နာရီ မှ ညနေ ၄ နာရီထိ  ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းမောင် (ပြန်  /ဆက်)