ကန်ပက်လက် ၁ ဒီဇင်ဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ဒေသထွက်ဝဥများကို နိုဝင်ဘာလ ပထမပတ်ဝန်းကျင်၌ စတင်ရောင်းဝယ်မှုများ ပြုလုပ်ခဲ့ကြရာ ယခင်နှစ်ထက် စျေးအနည်းငယ် လျော့နည်းလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသဖြင့် စီးပွားရေးလုပ်ငန်းရှင်များမှ လာရောက်ဝယ်ယူခြင်း မရှိသော်လည်း ဝဥအသီး တစ်ပိဿာလျှင် ၇၅၀၀ မှ ၈၀၀၀ ကျပ်၊ တစ်နှစ်ဥ တစ်ပိဿာလျှင် ၃၀၀၀ မှ ၃၅၀၀ ကျပ်နှင့် ဝဥအကြီး တစ်ပိဿာလျှင် ၁၅၀၀ ဝန်းကျင်းခန့်ရှိကြောင်း၊ စျေးအတက်အကျ ရှိကြောင်းနှင့် ကန်ပက်လက်မြို့မှ ကုန်တင်ကားများဖြင့်သာ စျေးကွက်ရှိရာသို့ သွားရောက်ရောင်းချ နေကြရကြောင်း ကုန်သည်တစ်ဦးက ပြောသည်။
ကန်ပက်လက်မြို့သည် ရေမြေသဘာဝအရ ဝဥစိုက်ပျိုးဖြစ်ထွန်းရာ ဒေသဖြစ်၍ မြို့နယ်အတွင်းရှိ အိမ်ထောင်စုတိုင်း နီးနီးမှ ဝဥများကို စိုက်ပျိုးလျက်ရှိကြကြောင်းနှင့် ဒေသခံပြည်သူများအတွက် နှစ်စဉ်ဝင်ငွေကောင်းများ ရရှိစေသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
မီရိမ်(ပြန်/ဆက်)


