ကန်ပက်လက် ၇ ဇူလိုင်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံး၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ကြီးထွားဖွံ့ဖြိုး ရောဂါကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် (၅) မျိုးစပ် ကာကွယ်ဆေးများ၊ ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး၊ ဝက်သက်ကျိုက်သိုးရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးခဲ့ကြသည်။
အဆိုပါ ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဇူလိုင် (၇) ရက်မှ(၉) ရက်နေ့အထိ ထိုးနှံတိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။
နီနှဲမ်း( ပြန်/ဆက်)


