ကန်ပက်လက် ၁၁ စက်တင်ဘာ           

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့စတင်ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် လူကုန်ကူးမှု၏ အဓိပ္ပါယ်၊ လူကုန်ကူးမှုတားဆီးရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည့် အသိပညာ‌ပေး ကဗျာ/ကာတွန်း/လက်ကမ်းစာစောင်များ၊ ဂျာနယ်/စာစောင်ပါ လူကုန်ကူးမှု အသိပညာပေးများအပြင် ကြော်ငြာကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ အမည်စာရင်းများနှင့် အလုပ်ခေါ်စာကြော်ငြာများ ပါဝင်ပါသည်။

 

ယင်းပြဘုတ်တွင် အခါကြီးရက်ကြီးနေ့ အထိမ်းအမှတ်များအား လည်းကောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကြိုးပြည်ပြုဆောင်ရွက်ချက်များအား လည်းကောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် အသိပညာပေးများကိုလည်း မြေစိုက်နံရံကပ်ပြဘုတ်အပြင် ရုံးတွင်းနံရံကပ် ပြဘုတ်များတွင်လည်း ပြသလျက်ရှိကြောင်း သိရပါသည်။

ကိုလိန်း