ကန်ပက်လက် ၁၉ စက်တင်ဘာ

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်နေသည့် ခုတင်(၅၀)ဆံ့ပြည်သူ့ ဆေးရုံ(၈၅) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ကျွန်တော်တို့လုပ်ငန်းအားလုံးရဲ့(၈၅)ရာခိုင်နှုန်းပြီးစီးပါပြီ၊ လုပ်ငန်းကိုတော့ မတ်လ ၂၀ ရက်နေ့က  စတင်ဆောင်ရွက်ပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာ ပြီးစီးအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်၊ လက်ရှိအချိန်အထိ ရေ၊ မီးနှင့်အတွင်း ခွဲစိတ်ခန်း ဗွီနိုင်းဖလိုးတွေကပ်ဖို့ ရန်ကုန်၊ မန္တလေးကနေ ကျွမ်းကျင်အလုပ်သမားတွ ခေါ်ဖို့ဖြစ်တဲ့အတွက် လုပ်ငန်းတွေကြန့်ကြာနေခဲ့တာပါ၊ ကိုဗစ်ကာလဖြစ်တော့ သတ်မှတ်ရက်ထက် နောက်ကျကောင်းနောက်ကျနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ နေ့ရော၊ ညပါ အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြပါတယ်ဟု တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီမန်နေဂျာက ပြောပါသည်။

 

အဆိုပါ ခုတင်(၅၀)ဆံ့ဆေးရုံသည် အလျားပေ(၁၅၀) နှင့်အနံ(၆၂)ပေရှိသည့် ခွဲစိတ်ခန်းပါ တိုးချဲ့ နှစ်ထပ်ဆောင်လုပ်ငန်း၊ RCC(၂)ထပ် အမျိုးအစားဖြစ်ပြီး ပြည်ထောင်စုဘတ်ဂျက် စုစုပေါင်းခွင့်ပြုရန်ပုံငွေ (၆၇၁.၂၂)ကျပ်သန်းဖြင့် Asia Golden Bridge Co.,Ltd က ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ကိုလိန်း(ပြန်/ဆက်)

 

mdn