မအူပင် မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(မအူပင်)ကို မေ ၁၂ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိသည်။
ကွန်ပျူတာတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ရာတွင် မောင်မယ်သစ်လွင်များအား တာဝန်ရှိသူများက နွေးထွေးပျူငှာစွာကြိုဆိုကာ ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် (ဒုတိယနှစ်ဝက်)သင်တန်းများ၊ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် ပဉ္စမနှစ်(ပထမနှစ်ဝက်) သင်တန်းများ၊ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို ပြန်လည်ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)