ပြည် နိုဝင်ဘာ ၂၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(ပြည်)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်း များကို နိုဝင်ဘာ ၂၃ ရက်က ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ် ဝင်ခွင့်ရကျောင်းသား ကျောင်းသူများနှင့် ဒုတိယနှစ်မှ ပဉ္စမနှစ်အထိ ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ယင်း တက္ကသိုလ်တာဝန်ရှိသူထံမှ သိရသည်။
ကျောင်းစတင်ဖွင့်လှစ်သည့်နေ့မှစ၍ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆရာ ဆရာမများက သင်ကြား/သင်ယူမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းနှင့် ကျောင်းတွင်း အဆောင်နေထိုင်ရေး ဆောင်ရွက်ထားရှိပြီး ကျောင်းသား ကျောင်းသူများ အခက်အခဲမရှိအဆင်ပြေချောမွေ့စေရန် တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ တက္ကသိုလ်မှ သိရသည်။
ခရိုင် (ပြန်/ဆက်)