နေပြည်တော် ၂၅ စက်တင်ဘာ

COVID-19 ရောဂါနှင့် ပတ်သက်သည့် လိုအပ်ချက်များတွင် သုံးစွဲနိုင်ရန်

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့

လွှဲပြောင်းထည့်သွင်း သုံးစွဲသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်

၁။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်  ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ပြည့်စုံလုံလောက်မှုရှိစေရန် ရည်ရွယ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံ ရန်ပုံငွေ (General Reserve Fund - GRF) မှ ငွေပမာဏ ကျပ် ၁၀၄၇ ဒသမ ၆၃၉ ဘီလီယံကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ထူထောင်ထားရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေသို့ လွှဲပြောင်းထည့်သွင်းပြီး သုံးစွဲသွားမည်ဖြစ်ပါသည်။

၂။ ယင်းရန်ပုံငွေကို Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် COVID-19 ရောဂါနှင့် ပတ်သက်သည့် လိုအပ်ချက်များတွင် သုံးစွဲသွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန် အပ်ပါ သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန