အထက်မင်းလှ ၁၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ဇေယျာသီရိဈေးတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဈေးရောင်း၊ ဈေးဝယ်သူများအား ကြွပ်ကြွပ်အိတ် အသုံးပြုမှုလျှော့ချရေး အသိပညာပေးနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကြွပ်ကြွပ်အိတ် လျှော့ချသုံးစွဲရေးနှင့် ကြွပ်ကြွပ်အိတ်အစား၊ အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူများသုံးစွဲရန် အသိပညာပေး ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)


