ကော့ကရိတ် ၁၄ ဇူလိုင်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကရင်စာပေယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးကျင်းပသည့် ပထမအကြိမ်မြို့နယ် ကရင်စာပေပြိုင်ပွဲအခမ်းအနားကို ကော့ကရိတ်မြို့ ရန်ကုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံး စသည့် ဘာသာသုံးမျိုးကို မိမိကြိုက်နှစ်သက်ရာ ဝင်ရောက် ယှဉ်နိုင်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားစာပေများ သင်ကြားသည့် ပိုးကရင်စာသင်ကျောင်း(၁၁၄)ကျောင်း၊ စကောကရင်ကျောင်း(၅၈)ကျောင်း၊ ပကညော(၇)ကျောင်းတို့မှ ဆရာဆရာမ(၁၆၄)ဦး ဝင်ရောက်ယှဉ်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲမှ ဆုရရှိသူများ ဆုချီးမြှင့်ပေးပွဲအခမ်းအနားကို ဝါခေါင်လပြည့် ကရင်ရိုးရာလက်ချည်ဖွဲ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း သိရှိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)


