ဘားအံ   ၂၀  ဩဂုတ်

 

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန အစည်း အဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊  ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက ကရင်ပြည်နယ်အတွင်း ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်အဆင့်  ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များက ၂၀၁၈ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဉပဒေအမှတ် ၁၃ ဖြင့် ၂၀၁၈ ခုနှစ်  ဇွန်လ ၆  ရက်တွင် ပြင်ဆင်ထားသည့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဉပဒေပါအချက်များကို ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

 

ဘားအံခရိုင် ( ပြန်/ဆက် )