လှိုင်းဘွဲ ၂၀ ဩဂုတ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းက ဦးဆောင်၍ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဆွေးနွေးပွဲကို ဒိုင်းပြကျေးရွာ၌ ပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဆွေးနွေးပွဲတွင် လှိုင်းဘွဲမြို့နယ် မူးယစ်ဆန့်ကျင်ရေး အသင်းဉက္ကဋ္ဌ ဦးဌေးဝင်း၊ ဉပဒေအထောက်အကူပြုရေး အဖွဲ့ ဉက္ကဋ္ဌ ဦးအောင်ငွေ၊ မြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုး၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စန်းမြင့်၊ ပြည်သူ့ကျန်မာရေး ဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ဒေါ်မျိုးမမစိုးတို့က မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာ အချက်အလက်များကို အသိပညာပေး ရှင်းလင်းခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသော လူမှုအဖွဲ့အစည်း အဖွဲ့ဝင်များက မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သင့်သည့် အဖွဲ့အစည်း၊ မူးယစ်ဆေးဝါး လျော့နည်းပပျောက်အောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မူးယစ်ဆေးတားဆီးနှိမ်နှင်းရေးအတွက် လုပ်ဆောင်သင့်သည့် နည်းလမ်းများ စသည့်အကြောင်းအရာများကို အဖွဲ့(၄)ဖွဲ့ခွဲပြီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)