ဖာပွန်  ၁၅ သြဂုတ်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ​ဒေါ်နန်းခင်​ထွေးမြင့်သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယ​မန်နေ့က ဖာပွန်ခရိုင်အတွင်း ​ပုံမှန်၀င်ငွေမရှိသော အိမ်ထောင်စု (၂၅၇၈) ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ စီ ပေးအပ်ပြီး ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်း​များ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရှိရသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်ခရိုင်၊ ကမ​မောင်းမြို့၊ အထက ကတိုင်တိ​ကျောင်းမှ တာဝန်ရှိသူများနှင့်​ တွေ့ဆုံပြီး ကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက်(၁)စုံ၊ အားကစားပစ္စည်းများနှင့် လက်သန့်​ဆေးရည်များ ထောက်ပံ့​ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့​သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ စုပေါင်းရုံး ယွန်းစလင်းခန်းမတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်​ထောင်စု(၆၅၂)ဦးအတွက် ငွေကျပ် ၂၀၀၀၀ စီ နှင့် ဖာပွန်မြို့အတွက် အားကစားပစ္စည်း (Outdoor Fitness) ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အ-ထ-က ဖာပွန်သို့​သွား​ရောက်၍ တာဝန်ရှိသူများနှင့်​​တွေ့ဆုံကာ ​​ကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက်(၁) စုံနှင့် အားကစားပစ္စည်းများ ထောက်ပံ့​ပေးအပ်ခဲ့ပြီး စာသင်ခန်းအတွင်း စာသင်ကြား​နေမှုအ​ခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ အမှတ်(၁)ရပ်ကွက်ရှိ မြစ်ကမ်းထိန်းနံရံ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ယွန်းစလင်းမြစ်​ ရေစီး​ရေလာ​ကောင်းမွန်​​စေရေးအတွက် ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်​​ဆေးခဲ့သည်။

 

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖာပွန်ခရိုင်၊ ကမ​မောင်းမြို့ကိုးနဝင်း ဘုန်း​တော်ကြီး​ကျောင်းတွင် ပုံမှန်ဝင်​ငွေမရှိ​​သော အိမ်​ထောင်စု(၁၉၂၆)ဦးအတွက် ​ငွေကျပ် (၂၀၀၀၀)စီနှင့် ကမမောင်းမြို့အတွက် အားကစားပစ္စည်း (Outdoor Fitness) ထောက်ပံ့ပေးအပ်ပြီး ကိုးနဝင်း​ကျောင်းဆရာ​တော်အား ဖူး​မြော်ကြည်ညိုကာ ကိုးနဝင်း​ကျောင်းရှ ိကျောင်းသား/သူ (၁၉၆) ဦးအတွက် ကျောင်းဝတ်စုံ(၂၀၀)စုံနှင့် ဗလာစာအုပ်ဒါဇင် ၂၀၀ တို့ကို ဆရာ​တော်ထံ ဆက်ကပ်လှူဒါန်းပြီး​ကျောင်းသား​/ သူများကို အား​ပေးစကား​​ပြောကြား၍ အားကစားပစ္စည်းများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်