ဘားအံ ၂၅ ဇွန်


ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအတွက် (၂/၂၀၁၉) ကြိမ်မြောက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက်နေ့၊မွန်လွဲ ၂ နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အပေါ်ထပ်ရှိ ကရင်ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများပြန်လည်စိစစ်ရေး  ကော်မတီအစည်းအဝေးခန်းတွင် ကျင်းပသည်။


ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင် တက်ရောက် အမှာစကား ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုး ဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးအေးမောင်နိုင်က ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ကော်မတီဝင်များ၊ ခရီးသွားလုပ်ငန်းတတ်သိပညာရှင်များ၊ ပုဂ္ဂလိက အရီးသွားလုပ်ငန်းအဖွဲ့အစည်း ကိုယ်စားလှယ်များဖြစ်သည့် ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ကရင်ပြည်နယ်ဧည့်လမ်းညွှန်အသင်း၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းများ တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းများ၊ လည်ပတ်စရာ ဂူဘုရားများ သန့်ရှင်း သာယာလှပရေး၊ အများသုံးအိမ်သာများ လုံလောက်စွာ ထာရှိနိုင်ရေး၊ ဘားအံ-တော်ပုံကားလမ်းတွင် ညအချိန် ဟိုတယ်များရှေ့၌ လျှပ်စစ်မီးများထားရှိနိုင်ရေး၊ သတင်းအချက်အလက်များ အသိပေးနိုင်ရေးအတွက် Kayin Tourism  Web Site နှင့် Facebook Page များ ထူထောင်သွားရန်နှင့် Kayin Tourism Map ထုတ်ဝေသွားရန်၊ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ Logo သတ်မှတ်ဆောင်ရွက်သွားရန် ပထမအကြိမ် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ ဆုံးဖြတ်ချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
                                                    


နေမျိုးလွင်(ပြန်/ဆက်)