ဘားအံ  ၂၇  မေ


    
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ အခြေချစစ်ဗျူဟာအဖွဲ့(အခြေချ) တပ်နယ်မိုးလုံလေလုံခန်းမတွင်  ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ဒုတိအကြိမ်ထောက်ပံ့ ပေးအပ်ပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ိ္


    
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးများသည် ဖာပွန်အခြေချစစ်ဗျူဟာအဖွဲ့ (အခြေချ) တပ်နယ် မိုးလုံလေလုံခန်းမတွင်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ် စက်သင်တန်းဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး အခြေခံအပ်ချုပ်စက်သင်တန်း(၁/၂၀၁၉)တွင် သင်တန်းသူ(၂၀)အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ 

 

တန္

 

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ခြေနင်းအပ်ချုပ်စက် တစ်လုံးစီနှင့် ဂုဏ်ပြုဆုများချီးမြှင့်ပေးပြီး ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည်ဖာပွန်မြို့နယ် မဲသလွတ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၇) တောရိုင်းမြေနေရာတွင် အိမ်ယာမြေပိုင်ဆိုင်မှုမရှိသည့် ဒေသခံပြည်သူ များအားမြေနေရာချထားပေး နိုင်ရေးမြို့ ကွက်သစ် အကောင်အထည် ဖော်ဆောင်ရွက်ထားမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ဆောင်ရွက်ထားမှု အခြေအနေများကို ခရိုင်အုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

္န္

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်ဝန်ကြီးများက စုပေါင်းရုံးရှိ ယွန်စလင်းခန်းမတွင်ပြုလုပ်သော ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးငယ်များအား ဒုတိအကြိမ် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ကိုယ်ဝန်ဆောင်မိခင်(၅၇၆)ဦး၊ အသက်(၂) နှစ်အောက် ကလေးငယ်(၃၀၂)ဦး စုစုပေါင်း(၈၇၈)ဦးကို တစ်ဦးလျှင်(၄၅၀ဝ၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ိန္

 


ဆက်လက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ဆက်လက်ပြုလုပ်ရာ ဒေသခံများက အိမ်ယာမြေ ပိုင်ဆိုင်မှုမရှိသည့် ဒေသခံပြည်သူများအား မြေနေရာ ချထားပေးနိုင်ရေး မြို့ကွက်သစ်တွင် မိုးကာလမတိုင်ခင် အမှီပေးနိုင်ရေးနှင့် ဆိုလာမီးရရှိရေးတို့ကို တောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ဖြေကြားပေးခဲ့သည်။

 

ိန

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်နေသည့် ဖာပွန်-ဝှေနောင်-တံခွန်တိုင်လမ်း အပိုင်(၃/၃)မိုင် ကွန်ကရစ်လမ်းခင်းကျင်းနေမှုအခြေအနေနှင့် စက်မှုလယ်ယာ၊ မွေးမြူရေးနှင့်ကုသရေး၊ စိုက်ပျိုးရေးဦးစီးဌာ (၄)ခန်းတွဲ(၁)ထပ် ဝန်ထမ်းအိမ်ယာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြီးစီမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ကမမောင်းမြို့သို့ရောက်ရှိပြီး သီရိဓမ္မတောရကျောင်းနှင့် ကိုးနဝင်ကျောင်း ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ဖာပွန်ခရိုင်အတွင်း ဝေလံသည့်ကျေးရွာများမှ လာရောက်နေထိုင် အခြေခံပညာ သင်ကြား နေကြသော ကျောင်းသားကျောင်းသူများအတွက် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 


နေမျိုးလွင်(ပြန်/ဆက်)

 

န္