ကရသူရိ ၂၉ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်လူငယ်များဖြင့် ရင်းနှီး၊ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီက အမှတ်(၅၅၅) ခြေမြန်တပ်ရင်း ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲကို မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်က ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့ကပူးပေါင်းပြီး ဌာနပေါင်းစုံအသင်းနှင့်ရပ်ကွက်နေ လူငယ်များအသင်းဖြင့် ရင်းနှီး/ချစ်ကြည်ရေးအတွက်ကစားကြရာ လူငယ်များအသင်းက၊ ဌာနပေါင်းစုံ ဝန်ထမ်းအသင်းကို ခုနှစ်ဂိုး/ ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကျင်းပရခြင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ရင်းနှီး ကျွမ်းဝင်လာခြင်း၊ တစ်ဦးနှင့်တစ်ဦးရိုင်းပင်းကူညီလိုစိတ်မွေးဖွားလာခြင်း၊ မြို့/ရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ညီလက်ညီပူးပေါင်းလိုစိတ်နှင့် ပြည်သူနှင့်ဝန်ထမ်းများကြားတွင် ယုံကြည်၊ နားလည်ပေးနိုင်သည့် စိတ်ဓာတ်ကောင်းများရရှိလာမည်ဖြစ်ကြောင်း ၎င်းပြိုင်ပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများနှင့်ဒေသခံပြည်သူများ လာရောက် အားပေးခဲ့ကြကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)

 

mdn