ကသာ ဧပြီ ၉
လူငယ်များ အင်္ဂလိပ်စာစွမ်းရည် တိုးတက်မြှင့်မားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန တွင် ဧပြီ ၈ ရက်က အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို လူငယ်များအနေဖြင့် အင်္ဂလိပ်စာစွမ်းရည်နှင့် အင်္ဂလိပ်စကားပြောတိုးတက် မြှင့်မားလာစေရန်နှင့် အင်္ဂလိပ်စကားပြောဆိုရာတွင် ရဲရင့်စွာပြောဆိုတတ်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယင်းပြိုင်ပွဲမှ အကောင်းဆုံးဆုရရှိသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက ဆုအသီးသီး ချီးမြှင့်ပေးခဲ့ကာ ဗလာစာအုပ်၊ ဘောပင်နှင့် မုန့်များကို လက်ဆောင်အဖြစ် လူငယ်များအား ပေးဝေခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)