ကသာ ၁၁ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဦးဆောင်၍ စားသုံးရန် မသင့်သော စားသောက်ကုန်များ ရောင်းချမှုရှိ/မရှိကို ယနေ့နံနက် (၁၀) နာရီက ကသာမြို့ ပတ္တမြားဈေးနှင့် အမှတ် (၉) ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကသာမြို့ ပတ္တမြားဈေးနှင့် အမှတ် (၉) ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်ဆိုင်များအား စစ်ဆေးခဲ့ပြီး စားသုံးရန် မသင့်သော စားသောက်ကုန်ပစ္စည်းများ၊ သက်တမ်းလွန် အစားအသောက်များ၊ ဆိုးဆေးပါသော ထုတ်ကုန်များများ၊ ပြည်တွင်းနှင့်ပြည်ပမှ ထုတ်လုပ်တင်သွင်း ရောင်းချသည့် မုန့်မျိုးစုံနှင့် စားသုံးရန် မသင့်သည့်မုန့်များ မရောင်းချရန် တားမြစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်လင်းထက် (ပြန်/ဆက်)


