ကသာ ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ ကသာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေများဝင်ရောက်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ဇူလိုင် ၁၅ ရက်က အဆိုပါရုံးတွင် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကသာမြို့နယ်အတွင်းရှိ ပိန္နဲကုန်းရပ်ကွက်၊ မြေနုကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ အောက်သဖန်းဒေါင့် ကျေးရွာ၊ အထက်သဖန်းဒေါင့်ကျေးရွာနှင့် မိုးတားလေး အလယ်ရပ်တို့မှ ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့်အိမ်ထောင်စု (၁၂၉)စု၊ လူဦးရေ (၆၃၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၁၃၃၇၇၀၀၊ ဆပ်ပြာ (၁၂၉)တောင့်၊ အဝတ်နှာခေါင်းစည်း (၆၃၇)ခုနှင့် ဂွေ့ကြီးကျေးရွာရှိ ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၄)စုမှ လူဦးရေ (၂၄)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး ငွေကျပ် ၄၀၀၀၀၀၊ ဆန်ရိက္ခာဖိုး ငွေကျပ် ၅၀၄၀၀၊ အဝတ်နှာခေါင်းစည်း (၂၄)ခုနှင့် အိမ်ထောင်စု (၄)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၁၇၈၈၁၀၀ တို့ကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှ သိရသည်။
အဆိုပါထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် (၁၀၄၀)စင်တီမီတာဖြစ်ပြီး ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ (၁၀၂၃)စင်တီမီတာရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


