ကသာ မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံပြီးသူများအား ယနေ့ နံနက် ၈ နာရီမှစ၍ ကသာမြို့တော်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ကသာမြို့နယ်၌ ယခုနှစ် မေ ၁၁ ရက်နေ့အထိတွင် COVID Shield ကာကွယ်ဆေးကို လူဦးရေ(၃၈၁၀)ဦး၊ Sinopharm ကို လူဦးရေ (၂၁၈၄၀)ဦး၊ COVAXIN ကို လူဦးရေ(၁၉၀၀)ဦးနှင့် Sinovac ကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူ (၃၃၄၈)ဦး၊ စုစုပေါင်း (၃၀၈၉၈)ဦးတို့ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထို့အပြင် ကသာမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရန် ရည်ရွယ်၍ ဆေးထိုးနေရာများတိုးချဲ့ကာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆေးထိုးအုပ်စုများအလိုက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေခ(ပြန်/ဆက်)