ကသာ ၁၃ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ ရက်ကွက်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ ရပ်ကွက်ရှိပြည်သူများသည် ရပ်ကွက်အတွင်း သွားလာရေးခက်ခဲသော လမ်းများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းများကို ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များ၏ ထည့်ဝင်ငွေများနှင့် ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးသည့် ဘိလပ်မြေများဖြင့် မိုးတွင်းကာလသွားလာရေး အဆင်မပြေသည့် မြေသားလမ်းကို ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းခြင်းဖြစ်ပြီး လက်ရှိဆောင်ရွက်နေ သည့် ရပ်ကွက်(၅)ရှိ ကွန်ကရစ်လမ်းသည် လမ်းအကျယ်(၁၄)ပေ၊ ထု(၆)လက်မနှင့် အရှည်ပေ (၂၅၆၀)အထိ လုပ်ငန်းပြီးစီးနေပြီဖြစ်သဖြင့် ယင်းလမ်းကို ကွန်ကရစ်လမ်းအဖြစ် ပေ (၁၃၀) ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါကွန်ကရစ်လမ်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ရပ်ကွက်နေ ပြည်သူများအနေဖြင့် အဆင်ပြေစွာ သွားလာနိုင်ပြီဖြစ်ကြောင်း ရပ်ကွက်(၅)အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် ထံမှ သိရသည်။
မြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ လမ်းများကို ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပေးသည့် ဘိလပ်မြေအိတ်များကို ကွန်ကရစ်လမ်း တစ်ပေလျှင် ဘိလပ်မြေတစ်အိတ်နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရှိရသည်။
ရဲအောင် (ပြန်/ဆက်)