မောင်တော  ၂၀   မေ  

 

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး  Mr.FilLippo  Grandi နှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းဖြင့် စစ်တွေမြို့သို့ရောက်ရှိကြရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ UNHCR မှ တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ ကြိုဆိုကြသည်။ 

 

ဆက်လက်၍  မဟာမင်းကြီးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့မှတစ်ဆင့် မောင်တော မြို့သို့ ညနေပိုင်းတွင် ရောက်ရှိကြသည်။

 

ထို့နောက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး  Mr.FilLippo  Grandi နှင့်  အဖွဲ့သည်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ဧည့်ခန်းမတွင်  ခရိုင်အုပ်ချုပ်ရေးမှူး နှင့် တွေ့ဆုံပြီး   နိုင်ငံတော်အစိုးရနှင့် UNDP ၊ UNHCR တို့အကြား လက်မှတ်ရေးထိုးထား သည့် MOU အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် သက်တမ်းတိုးမြှင့်ရေး၊ ပြည်နယ်အစိုးရနှင့် UNအဖွဲ့အစည်းများအကြား  ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကျင်းပ ပြုလုပ်ရေး၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊ NVC ကတ်ကိုင်ဆောင်ခြင်းဖြင့် ရရှိမည့် အကျိုး ကျေးဇူးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြသည်။ 

 

ယခုခရီးစဉ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး   Mr.  FilLippo  Grandi  နှင့် အဖွဲ့၏   ရခိုင်ပြည်နယ်သို့  ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


သတင်းစဉ်