ဝါးခယ်မ ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဧပြီ ၁၁ ရက်နံနက် ၉ နာရီအချိန်မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျုံမငေးမြို့အဝင်/အထွက် ဂိတ်တွင် ကာကွယ်ဆေးထိုးနှံပြီးစီးမှု စာရွက်စာတမ်း/ QRကုဒ် ပါရှိမှု ရှိ/မရှိ စစ်ဆေးပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသူ မည်သူမဆို လာရောက်ထိုးနှံနိုင်ကြာင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်ဦးတစ်ယောက်မကျန် ထိုးနှံနိုင်ရေးအတွက် အများပြည်သူသွားလာရာ ကျုံမငေးမြို့ အဝင်/ထွက်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကာကွယ်ဆေးကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)