ကျုံပျော် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်ရုံအလုပ်ရုံဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ကျွဲခြံဒေါင့်အုပ်စု သပြေငူကျေးရွာ ဝင်းမေတ္တာဆန်စက်၌ ဇန်နဝါရီ ၅ ရက်က ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်စိန်ဘွင့်၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲလွင်ဦးက ဆန်စက်ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုမရှိစေရေးနှင့် လျှပ်စစ်မီးစနစ်တကျအသုံးပြုရန် အသိပညာပေးဟောပြောပြီး ဆန်စက်အတွင်း မီးသတ်ဆေးဘူးနှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျ ဆောင်ရွက်ထားရှိရန် လိုက်လံစစ်ဆေးကြသည်။
ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆန်စက်ဝန်ထမ်းများ ပူးပေါင်းကာ မီးငြှိမ်းသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ငြှိမ်းသတ်ခြင်း၊ ဖုံးအုပ်နည်းဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


