ကျုံ​ပျော် ​ ၃၀ ဩဂုတ်

 

လက်ရှိဖြစ်ပွားလျက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် စတင်ဆောင်ရွက်ခြင်းကို သြဂုတ် ၃၀ ရက် နံနက်က စတင်ပြုလုပ်ခဲ့​သည်။

 

​ထိုသို့ပြုလုပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့အဝင်ဂိတ်၊ မြို့မဈေးရှေ့နှင့် အင်းရဲလမ်းဆုံတို့တွင် အဖွဲ့(၃) ဖွဲ့ခွဲကာ Mask မပါရှိသူများအား Mask (၃)ခုလျှင် ငွေ ၃၀၀၀ ကျပ်နှုန်း ကောက်ခံကာ ယခုဝယ် ယခုတပ် ဆောင်ရွက်ပေးလျက်ရှိ​သည်။

 

55

 

ထိုသို့မပြုလုပ်မီ ယခင် သြဂုတ် ၂၇ ရက်မှ ၂၉ ရက်အထိကို ပညာပေးကာလ သတ်မှတ်ကာ နေအိမ်ပြင်ပသို့ထွက်ခွာ သွားလာပါက Mask စနစ်တကျ တပ်ဆင်သွားလာ‌ရေးအတွက် အသိပေးလှုံ့ဆော်ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် လှုံ့ဆော်အသိပေးခြင်းများ မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

​နေဝင်းမြင့် (ပြန်/ဆက်)