မြစ်သား ၂၂ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့၊ သပြေတောင်းကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၁၁ ကေဗွီဓာတ်အား (ဝ.၈) မိုင်နှင့် ၁၁/ဝ.၄ ကေဗွီ (၂၀ဝ) ကေဗွီအေ ထရန်စဖော်မာ (၁) လုံး တည်ဆောက်ခြင်းနှင့် ကုန်းသာကျေးရွာ မီလင်းရေး ကော်မတီရန်ပုံငွေဖြင့် ကိုယ်ထူကိုယ်ထ ကျေးရွာတွင်း (၄၀ဝ) ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး၍ ဖွင့်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့ ညနေ၆နာရီက ထရန်ဖော်မာအရှေ့ကွင်းပြင်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးအောင်မိုး၊ ကုန်းသာကျေးရွာမီးလင်း ရေးကောမတီဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ တက်ရောက်အားပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


