ပဲခူး ၂ စက်တင်ဘာ

 

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့၌ ပဲခူးခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ပဲခူးမြို့ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ကာ နှာခေါင်းစည်း mask များ အခု ၅၀၀၀ ကျော်ကို စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီက ဖြန့်ဝေပေးခဲ့ကြသည်။

 

မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှုမှာ ပိုမိုများပြားလာပြီး အဆိုပါရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် နည်းလမ်းများမှာ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း မက်စ်များ တပ်ဆင်သွားလာရန်နှင့် အပြင်ကပြန်လာပြီးတိုင်း လက်ကိုစင်ကြယ်အောင်ဆေးကြောဖို့ လိုအပ်ကြောင်း၊ နေအိမ်အပြင်ထွက်တိုင်း မက်စ်များလုံခြုံစွာ တပ်ဆင်သွားလာသော အလေ့အထကောင်းများရရှိစေရန် ပညာပေးအနေဖြင့် မက်စ်များ အခမဲ့ပေးဝေခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နောက်ပိုင်းတွင် နှာခေါင်းစည်း mask များ တပ်ဆင်သွားလာမှုမရှိပါက ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားဖို့ရှိကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)