လွိုင်ကော် ဇွန် ၄

 

ဇွန် ၃ ရက်တွင် ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာသင်ဆောင်များ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ခန့်ထည်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းစာကြည့်တိုက်တို့အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကြီးရုံးခန်း၌ ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ တင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချူပ်က လိုအပ်သည်များ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

 

ဇွန် ၄ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် အခြေခံပညာ အလယ်တန်းကျောင်း ဒေါတမသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုများ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ခန့်ထည်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် အမှတ်(၅) အခြေခံပညာပညာ အထက်တန်းကျောင်း‌သို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှုများ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းခန်းမ၌ ဆရာ/ဆရာမများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်မှ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကယားပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကို မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၃) ရက်မှ စတင်ကာ ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ပြည်နယ် (ပြန်\ဆက်)