လွိုင်ကော်   ၁၂    ဩဂုတ်         

 

ကယားပြည်နယ်အတွင်းရှိ သမဝါယမအသင်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ် သမဝါယမဦးစီးဌာနသည် ချေးငွေထုတ်ချေးပေးထားသော အဖွဲ့ဝင်အသင်းသား တောင်သူများ ၏ စိုက်ခင်းများသို့ ယနေ့ နံနက်ပိုင်းက သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

mdn

 

ထိုသို့စစ်ဆေးရာတွင် ကယားပြည်နယ် သမဝါယမဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်တင် ခေါင်းဆောင်သော ပြည်နယ်အဆင့် သမဝါယမအသေးစား ငွေကြေးဝန်ဆောင်မှုချေးငွေလုပ်ငန်း ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များသည် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာရှိ “ကုန်းသာ သမဝါယမအသင်းနှင့် ရတနာမြေ သမဝါယမအသင်းတို့မှ အသင်းသားများ၏ စိုက်ခင်းများသို့ ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

ဆက်လက်ပြီး ပြည်နယ်ဦးစီးမှူး ဦးမြင့်တင်မှ အဖွဲ့ဝင်အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ အသင်းသား တစ်ဦးချင်း ထားရှိသင့်သည့် သမဝါယမစိတ်ဓါတ် ၊ ကျင့်ဝတ်နှင့် အနှစ်သာရများကို ရှင်းလင်း ပြောကြားခဲ့ပြီး အသင်းသားများမှ တင်ပြလာသည့် ချေးငွေထပ်မံလိုအပ်ချက်နှင့် အခက်အခဲ များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)