လွိုင်ကော် ၅ ဇူလိုင်

ရခိုင်ပြည်နယ်၊ ငမြင်းဘော်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ကိုယ်ပိုင်အမှတ်၊ လ၂၇၀၅၁၀ ရဲတပ်သား ကိုကိုလတ်မှာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၆)နာရီခွဲတွင် AA အဖွဲ့မှ သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်မှုအား မိမိအသက်ကို ပဓာန မထားဘဲ ရဲဝံ့သောစိတ်ဓာတ်ဖြင့် ပြန်လည်ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ခြင်းကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့မှ ကျဆုံးခဲ့သည့် ရဲတပ်သား ကိုကိုလတ်၏မိခင် နေထိုင်နိုင်ရေးအတွက် မြေပေးမိန့် ပေးအပ်ခြင်းကို  ယနေ့ နံနက် ၁၀ နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ Cabinet အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။

 

mdn

 

ကွယ်လွန်သူ ရဲတပ်သား၏ မိခင် ဒေါ်သန်းစိန်မှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ခေတ္တ အတွင်းရေးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ကိုစိုင်း (လွိုင်ကော်)