လွိုင်ကော် ၁၄ သြဂုတ်
ကယားပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ် အတွင်း COVID ထိန်းချုပ် ကာကွယ် တားဆီးရေး လုပ်ငန်းများအား ထိရောက် အောင်မြင်စွာ ဆောင်ရွက်လျက် ရှိပြီး စေတနာရှင်၊ အလှူရှင်များနှင့် အဖွဲ့အစည်း အသီးသီးမှ လှူဒါန်းသည့် COVID-19 ကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း ပြည်နယ်အတွင်း လိုအပ်သည့် နေရာများသို့ အချိန်မီ ဖြန့်ဝေ ဆောင်ရွက် ပေးလျက်ရှိရာ ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယမန်နေ့ မွန်းလွဲပိုင်းက လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဝန်ကြီး နှင့်အတူ Save the Children အဖွဲ့မှ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ဘောလခဲမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်း (၁၃၀) ကျောင်းသို့ လှူဒါန်းသည့် COVID ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား လက်ခံ ဆောင်ရွက်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
လှူဒါန်းမှု အနေဖြင့် (၃၀ဝ) လီတာဆံ့ ရေလှောင်ကန် (၂၂၀)၊ (၁,ဝ၀ဝ) လီတာဆံ့ ရေလှောင်ကန် (၂၄) ကန်၊ လက်ဆေးစင် (၁၉၆) ခု၊ ဘေစင် (၃၉၂) ခု၊ ဆပ်ပြာခဲ (၉,၅၀ဝ) ၊ ဆပ်ပြာခွက် (၅၂၀) ၊ ရေဆွဲပုံး (၅၇၀) ၊ ရေခွက် (၅၃၀)နှင့် Pipe Socket နှင့် Water Tap (၄၉၆) ခု တို့အား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)