လွိုင်ကော် စက်တင်ဘာ ၁၅

 

ကယားပြည်နယ် အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး လွိုင်ကော်မြို့နယ်ရှိ ပြည်သူများအား စားသုံးဆီးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

 

လွိုင်ကော်မြို့ပေါ်ရှိ ပန်ကန်း၊ နောင်ယား(က)(ခ)၊ မင်းစုရပ်ကွက်များနှင့် ဌာနဆိုင်ရာများတွင် ဈေးရောင်းကား နှစ်စီးတို့ဖြင့် လည်းကောင်း၊  လွိုင်ကော်မြို့ပေါ်ရှိ မိုးကောင်းကင်၊ ကောင်းမြတ်စံ၊ ရွှေသဝဏ်၊ ဗဟိုဒိုင်ရီ၊ တော်ဝင်သဇင်၊ မဟာဖြိုး၊ ပန်းသဇင်၊ အန်းကူကုန်စုံဆိုင်၊ ယုဇန၊ ရွှေတောင်ဆိုင်၊ ဦးမြချမ်းကုန်စုံဆိုင် စသည့် ကုန်စုံဆိုင် ၁၁ ဆိုင်တို့တွင် တာဝန်ရှိသူများက ပြည်သူများ စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ရောင်းချပေးခြင်းဖြစ်သည်။

 

အဆိုပါ စားသုံးဆီများ ရောင်းချပေးရာတွင် စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ နေ့စဉ်နံနက် ၈ နာရီခွဲမှစပြီး သတ်မှတ်နေရာများအလိုက် စားအုန်းဆီ ပိဿာ ၁၉၈၀၀၀ ကို တစ်ဦးလျှင် ၁ ပိဿာ ၄၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။


 
ခရိုင်(ပြန်/ဆက်)