လွိုင်ကော်    စက်တင်ဘာ

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (/၂၀၂၀) ကို ယနေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တပြည်နယ် ဝန်ကြီးချုပ် ဦးဘောစ့်ကို က အမှာစကား ပြောကြားရာတွင် ကယားပြည်နယ် အတွင်း ယနေ့ အချိန်အထိ COVID-19 ရောဂါ အတည်ပြု လူနာ မရှိသေးပါကြောင်း ကယားပြည်နယ် အနေဖြင့် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပြည်တွင်း ပြည်ပမှ ဝင်ရောက် လာသူများအား လေဆိပ်နှင့် ကားဂိတ်များ၌ စစ်ဆေးခြင်းနှင့် မြို့နယ်များရှိ မြို့အဝင်/ အထွက် ပူးပေါင်း စစ်ဆေးရေးဂိတ် () ဂိတ် တို့တွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း ပြည်နယ် အတွင်း ပြည်ပ နိုင်ငံများမှ တရားဝင်/ တရားမဝင် ဝင်ရောက် လာသူများအား သက်ဆိုင်ရာ မြို့နယ် အလိုက် Community Based Facility Quarantine နေရာ () ခု တွင် (၉၉) ဦး ဆောင်ရွက် ထားရှိပြီး ယနေ့အထိ Swap နမူနာ ပေးပို့မှု (၁၀၀၂) ဦး ရှိရာ ရောဂါပိုး တွေ့ရှိသူ မရှိပါကြောင်း COVID-19 ရောဂါပိုးသည် ယခင်ကထက် ကူးစက်မှု ပိုမိုမြန်ဆန်လာသဖြင့် ယခုဆောင်ရွက်နေသော အနေအထားထက် ပိုမိုကောင်းမွန် ထိရောက်စွာ တုံ့ပြန်နိုင်ရေး အစိုးရ၏ ဦးဆောင်မှုဖြင့် ကဏ္ဍပေါင်းစုံ အလွှာပေါင်းစုံတို့မှ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် COVID-19 ရောဂါအား အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ပြည်သူ တစ်ရပ်လုံး အစိုးရနှင့်ပူးပေါင်း၍ ဝိုင်းဝန်း တိုက်ဖျက်သွားကြရန် ဖြစ်ပါကြောင်း ကုသ စစ်ဆေးရာတွင်လည်း Swap နမူနာများကို ယခင်က ရန်ကုန် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့သော်လည်း ယခုအခါ ကယားပြည်နယ် ပြည်သူ့ဆေးရုံးကြီး၌ ဓါတ်ခွဲအတည်ပြု စစ်ဆေးနိုင်ပြီ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ ဆွေနွေးရာ တက်ရောက် လာကြသော ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများမှ ဆွေးနွေးကြပြီး ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ဦးဘောစ့်ကို က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ် ခေတ္တပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ပြည်နယ်အဆင့် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)