မယ်စဲ့ ၃ ဇူလိုင်
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ပန်တိန်းကျေးရွာ ရေပေးဝေရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပန်တိန်းကျေးရွာ ရေပေးဝေရေးလုပ်ငန်း ဂါလန် ၁၀ဝ၀ဝ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည်ပေ ၁၃၂၀ဝ၊ ၂ လက်မ PVC ရေပိုက်သွယ်တန်းခြင်း လုပ်ငန်းနှင့် အရှည် ပေ ၆၈၀ဝ၊ ၁ လက်မခွဲ PVC ရေပိုက် သွယ်တန်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေပိုက်လိုင်းများသွယ်တန်းမှုနှင့် ရေစုကန် တည်ဆောက်မှု လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ရေထွက်ပင်ရင်း ရေရှည်ကောင်းမွန်ရေးအတွက် ရေကော်မတီ ဖွဲ့စည်း၍ ကျေးရွာပြည်သူများက ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့် ကျေးရွာတွင်း ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရေပေးရေး ကော်မတီဝင်များပူးပေါင်း၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ဝတ်ရည်(ပြန်/ဆက်)


