မယ်စဲ့ ၁၇ ဩဂုတ်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၆ ရက်က မယ်စဲ့မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများသို့ ဆန်၊ ဆီ၊ ဆား အစရှိသည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လမ်းဆုံကျေးရွာခန်းမဆောင်၌ လမ်းဆုံနှင့် လယ်တောကျေးရွာ နှစ်ခြင်းဘုရားရှိခိုးကျောင်း နှစ်ကျောင်းအတွက် ဆန် ၃ အိတ်၊ ဆီ ၂၀ ပိဿာ၊ အာလူး ၂၀ ပိဿာ တို့ကိုလည်းကောင်း၊ ပန်တိန်းကျေးရွာ RC ဘုရားရှိခိုးကျောင်းအတွက် ဆန် ၂ အိတ်၊ ဆီ ၁၀ ပိဿာ၊ အာလူး ၁၀ ပိဿာ၊ ဆား ၁၀ ထုပ်ကိုလည်းကောင်း၊ နှစ်ခြင်းဘုရားရှိခိုးကျောင်းအတွက် ဆန် ၁ အိတ်၊ ဆီ ၁၀ ပိဿာ၊ အာလူး ၁၀ ပိဿာ၊ ဆား ၁၀ ထုပ်ကိုလည်းကောင်း၊ ပန်တိန်းကျေးရွာ ထေရဝါဒဘုန်းတော်ကြီးကျောင်းအတွက် ဆန် ၁ အိတ်၊ ဆီ ၁၀ ပိဿာ၊ အာလူး ၁၀ ပိဿာ၊ ဆား ၁၀ ထုပ်နှင့် အလှူငွေများကိုလည်းကောင်း၊ ပန်တိန်းကျေးရွာ နှစ်ခြင်းဘုရားကျောင်း ခန်းမဆောင် ပြုပြင်ရန်အတွက် ငွေကျပ် ၄ သိန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပြီး ပန်တိန်းကျေးရွာ ကယန်းကျောက်တိုင်ကွင်း ဖောက်လုပ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မယ်ဆည်နမ်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း၊ နမ့်ဟူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့အတွက် တစ်ကျောင်းလျှင် ဆန် ၁ အိတ်၊ ဆီ ၁၀ ပိဿာ၊ အာလူး ၁၀ ပိဿာ၊ ဆား ၁၀ ထုပ်စီနှင့် အလှူငွေများကိုလည်းကောင်း၊ ဟိုဂျစ်ကျေးရွာတွင် ဟိုဂျစ်၊ ဟိုဖ၊ တောင်လှ ကျေးရွာသုံးရွာရှိ ဘာသာရေးကျောင်း သုံးကျောင်းအတွက် ဆန် ၁ အိတ်၊ ဆီ ၁၀ ပိဿာ၊ အာလူး ၁၀ ပိဿာ၊ ဆား ၁၀ ထုပ်စီကို လည်းကောင်း အသီးသီးထောက်ပံ့လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နမ့်ပိန်းလင်ကျေးရွာ ဓမ္မရက္ခိတ ဘုန်းတော်ကြီးကျောင်းနှင့် နှစ်ခြင်းဘုရားကျောင်းတို့အတွက် ဆန် ၁ အိတ်၊ ဆီ ၁၀ ပိဿာ၊ အာလူး ၁၀ ပိဿာ၊ ဆား ၁၀ ထုပ်စီကို လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)