မေ ၂

ကယ်လီဖိုးနီးယားတောင်ပိုင်း ဘစ်ဘဲယားမြို့တွင် ယမန်နေ့မွန်းလွဲပိုင်းက လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ပြီး သုံးဦးသေဆုံးသွားကြောင်း အာဏာပိုင်များက ပြောကြားသည်။

အဆိုပါလေယာဉ်ငယ်သည် မြေကွက်လပ်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပျက်ကျရာနေရာသို့ မီးသတ်သမားများရောက်ရှိခဲ့သော်လည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းမရှိကြောင်း  မီးသတ်ဌာနက ပြောကြားသည်။

ထိုလေယာဉ်သည် အင်ဂျင်တစ်လုံးတပ် ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီးဖြစ်ပြီး လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ပါသူသုံးဦးသေဆုံးခဲ့သည်ဟု သိရသည်။

လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ လေယာဉ်ပျက်ကျမှုဖြစ်ပွားချိန်က တစ်စိတ်တစ်ပိုင်း မိုးတိမ်ထူထပ်နေခဲ့ကြောင်း မိုးလေဝသဌာနက ဖော်ပြထားသည်။

ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် သုံးရက်အတွင်း ဒုတိယအကြိမ် လေယာဉ်ငယ်ပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တောင်ကုန်းထူထပ်သော လော့စ်အိန်ဂျလိစ်ဒေသတွင် ဧပြီ ၂၉ ရက် ညပိုင်းက လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးတစ်ဦး သေဆုံးသွားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို