နေပြည်တော်၊ အောက်တိုဘာ ၁၉

 

အရှေ့တောင်အာရှချန်ပီယံ ရွှေတံဆိပ်ဆုများရှင် မြန်မာ့လက်ရွေးစင် အလေးမ အားကစားသမားဟောင်း ဦးစန်းမြင့် (ဗိုလ်ကြီး-ငြိမ်း) သည် ယမန်နေ့က ကွယ်လွန်သွားသည့် အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား အားကစား နှင့် ကာယပညာသိပ္ပံ (မုံရွာ) ကျောင်းအုပ်ကြီး ဦးကျော်ကျော်သည် ကျန်ရစ်သူမိသားစုထံ နာရေးကူညီမှု ထောက်ပံ့ငွေကျပ် ၅၀၀၀ဝဝ ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အရှေ့တောင်အာရှချန်ပီယံ ရွှေတံဆိပ်ဆုများရှင် မြန်မာ့လက်ရွေးစင် အလေးမအားကစား သမားဟောင်း ဦးစန်းမြင့်သည် ၁၉၇၇ခုနှစ်၊ ၁၉၇၉ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၁၉၈၅ ခုနှစ်၊ ၁၉၈၇ ခုနှစ်၊ ၁၉၈၉ ခုနှစ်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်  မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု (၁၃) ခုကို ဆွတ်ခူး ရယူပေးနိုင်ခဲ့သည့်  နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးဖြစ်ကြောင်းနှင့် ဦးစန်းမြင့် အသက် (၇၂) နှစ်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က (၉၆) ပါးသော ရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်