တာချီလိတ်    ဩဂုတ်  ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း၊  တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ   ဝမ်ပုံဆိပ်ကမ်း၌  လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့်  ကြုံတွေ့နေရသည့်    မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၇၆)ဉီးကို ယမန်နေ့၊  မွန်းလွဲ(၂)နာရီက တာချီ လိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။ 

အဆိုပါ  လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၂၇၆)ဉီးအား  တာချီလိတ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့်  စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူ အမျိုးသား(၂၈)ဉီးနှင့်အမျိုးသမီး (၉)ဉီး စုစုပေါင်း(၃၇)ဉီးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး   ကျန်ပြည်သူ(၂၃၉)ဉီး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ   Negative အဖြေထွက်ရှိခဲ့သည်။ ပိုးတွေ့ရှိသည့်နေရပ်ပြန်ပြည်သူ(၃၇)ဉီးကို မိုင်းကိုး၊ အထကကျောင်းနှင့် ဝမ်လုံ အသွားအလာ ကန့်သတ်စောင့် ကြည့်ရေးစင်တာများတွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။

လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၇၆)ဉီးမှ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိသည့်နေရပ်ပြန် ပြည်သူ(၂၃၉)ဉီးအား  တာချီလိတ်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဉက္ကဌ ဉီးမြင့်နိုင် နှင့် အဖွဲ့ဝင်များ၊  မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး၎င်းတို့အား သက် ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက်  အခမဲ့မော်တော်ယာဉ်များစီစဉ်ပေးခြင်း၊      စားသောက်ဖွယ်ရာများ၊ တစ်ကိုယ် ရည်သုံးပစ္စည်းများ ၊  ထောက်ပံ့ငွေများလှူဒါန်းပေးခြင်း နှင့်   နေရပ်ပြန်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ကာ  လိုအပ် သည်များ ကူညီဆောင်ရွက်ပေးပြီး နေရပ်များသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)