တာချီလိတ် ဩဂုတ် ၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၂၇၆)ဉီးကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက တာချီ လိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၂၇၆)ဉီးအား တာချီလိတ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြန်ပြည်သူ အမျိုးသား(၂၈)ဉီးနှင့်အမျိုးသမီး (၉)ဉီး စုစုပေါင်း(၃၇)ဉီးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန်ပြည်သူ(၂၃၉)ဉီး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိ Negative အဖြေထွက်ရှိခဲ့သည်။ ပိုးတွေ့ရှိသည့်နေရပ်ပြန်ပြည်သူ(၃၇)ဉီးကို မိုင်းကိုး၊ အထကကျောင်းနှင့် ဝမ်လုံ အသွားအလာ ကန့်သတ်စောင့် ကြည့်ရေးစင်တာများတွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။
လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၇၆)ဉီးမှ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိသည့်နေရပ်ပြန် ပြည်သူ(၂၃၉)ဉီးအား တာချီလိတ်အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဉီးမြင့်နိုင် နှင့် အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး၎င်းတို့အား သက် ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် အခမဲ့မော်တော်ယာဉ်များစီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ် ရည်သုံးပစ္စည်းများ ၊ ထောက်ပံ့ငွေများလှူဒါန်းပေးခြင်း နှင့် နေရပ်ပြန်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ကာ လိုအပ် သည်များ ကူညီဆောင်ရွက်ပေးပြီး နေရပ်များသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


