လားရှိုး ၂၂ စက်တင်ဘာ

 

ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (တောင်ကြီးမြို့)၏ ညွှန်ကြားချက်များအရ တာဝန်ရှိသူများ၊ လူနာများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လတ်စေရေးအတွက် ကုန်တင်ယာဉ်များမှအပ ကျန်မော်တော်ယာဉ်များအား ည ၉ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းခွင့် လုံးဝမပြုကြောင်း စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခွဲက သိရှိရသည်။

 

စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ လားရှိုးမြို့သို့ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန်ပြည်သူများ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် စစ်ဆေးလျက်ရှိသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ခေးနင်းတိုးဂိတ်နှင့် မြို့ရှောင်လမ်းတိုးဂိတ်များတွင် စစ်ဆေးလျက်ရှိနေပြီး ခေးနင်းတို့ဂိတ်တွင် နံနက် ၆ နာရီမှ ည ၁၀ နာရီအထိလည်းကောင်း၊ မြို့ရှောင်လမ်းတိုးဂိတ်အား နံနက် ၆ နာရီမှ ည ၉ နာရီခွဲအထိလည်းကောင်း ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး ကျန်အချိန်များ၌ ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (တောင်ကြီးမြို့)၏ ညွှန်ကြားချက်များအရ တာဝန်ရှိသူများ၊ လူနာများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လတ်စေရေးအတွက် ကုန်တင်ယာဉ်များသာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း လားရှိုးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းထံက သိရှိရသည်။

 

ဟန်ဌေး(လားရှိုး)